စုဗူး Wallet ကို ဘာကြောင့် ဖန်တီးခဲ့တာလဲ၊ နေ့စဉ် ငွေဝင်/ငွေထွက် ဘယ်လိုမှတ်မလဲ — အဆင့်လိုက် လမ်းညွှန်
⬇️ စုဗူး Wallet — အခုပဲ Download ချယူပါ
DOWNLOAD🌱 စုဗူး Wallet ကို ဘာကြောင့် ဖန်တီးခဲ့တာလဲ?
တကယ်ပြောရရင် စုဗူး Wallet ကို App တစ်ခုရေးချင်လို့ ဖန်တီးခဲ့တာ မဟုတ်ပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း ငွေဝင်ငွေထွက် မှတ်ဖို့ Paid App တွေ အများကြီး ဝယ်သုံးဖူးပါတယ်။ App တိုင်းမှာ ကောင်းတာတွေရှိပေမယ့် ကိုယ်လိုချင်တဲ့ Feature တွေ မပါဘူး၊ တချို့က အသုံးပြုရခက်တယ်၊ တချို့က မြန်မာနိုင်ငံက အသုံးပြုပုံနဲ့ မကိုက်ဘူး။ Subscription ပေးရတာတွေ၊ မလိုအပ်တဲ့ Feature တွေ အများကြီးပါတာတွေကြောင့် "ဒီထက် ပိုရိုးရှင်းပြီး ပိုအသုံးဝင်တဲ့ App မရှိဘူးလား" လို့ အမြဲတွေးမိခဲ့ပါတယ်။
အဲဒီအတွေးကနေ...
"ကိုယ်တိုင်လိုချင်တဲ့ App ကို ကိုယ်တိုင်ရေးလိုက်မယ်။"
ဆိုပြီး စုဗူး Wallet ကို စတင်ဖန်တီးဖြစ်ခဲ့တာပါ။
ကျွန်တော် စုဗူး Wallet ကို ရေးဖြစ်တဲ့ အကြောင်းရင်းထဲမှာ အကြီးဆုံးတစ်ခုကတော့ Total Balance ပါ။
အရင်တုန်းကဆိုရင် အိတ်ထဲမှာ Cash ပဲရှိတယ်။ ငွေဘယ်လောက်ကျန်လဲဆိုတာ အိတ်ဖွင့်ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်။
ဒါပေမယ့် အခုခေတ်မှာတော့ မတူတော့ဘူး။
- 💵 Cash
- 💙 KBZPay
- 💚 Wave Pay
- 🩵 AYA Pay
- 🏦 Bank Account
ငွေတွေက နေရာစုံမှာ ပြန့်ကျဲနေပါတယ်။
"အခု ငါ့မှာ စုစုပေါင်း ငွေဘယ်လောက်ရှိလဲ?"
ဒီမေးခွန်းရဲ့ အဖြေကို သိချင်ရင် Wallet တစ်ခုချင်းစီ ဖွင့်ကြည့်ရတယ်၊ Balance တွေကို မှတ်ရတယ်၊ ပြီးတော့ Calculator နဲ့ အကုန်ပြန်ပေါင်းရတယ်။
နေ့တိုင်း ဒီလိုလုပ်နေရတာက တကယ်ကို အဆင်မပြေပါဘူး။
ဒါကြောင့် စုဗူး Wallet မှာ Wallet တစ်ခုချင်းစီကို သီးသန့်ထည့်နိုင်အောင် လုပ်ထားပါတယ်။
နေ့စဉ် ငွေဝင်ငွေထွက်ကို အသုံးပြုခဲ့တဲ့ Wallet ကို ရွေးပြီး မှတ်ပေးရုံပါပဲ။
ဥပမာ KBZPay နဲ့ သုံးခဲ့ရင် KBZPay ကိုရွေး၊ Cash နဲ့ သုံးခဲ့ရင် Cash ကိုရွေး။ ဒီလောက်ပဲ။
ကျန်တာကို စုဗူး Wallet က အလိုအလျောက် စီမံပေးပါလိမ့်မယ်။ Dashboard တစ်ချက်ကြည့်တာနဲ့ Total Balance ချက်ချင်းမြင်ရမယ်။
နောက်ထပ် အလေးထားတာက Customize ပါ။ လူတိုင်းရဲ့ ငွေရှာပုံ၊ ငွေသုံးပုံ မတူလို့ Category ကိုယ်တိုင်ထည့်လို့ရအောင် လုပ်ထားပါတယ်။ Currency လည်း Ks / THB / USD / SGD သုံးလို့ရအောင် စီစဉ်ထားပါတယ်။
ရည်ရွယ်ချက်က Feature များများထည့်ဖို့ မဟုတ်ပါဘူး။ တကယ်အသုံးဝင်တာကို ရိုးရိုးရှင်းရှင်း သုံးရလွယ်အောင် လုပ်ထားတာပါ။ Privacy အတွက်လည်း ငွေစာရင်းကို Server ပေါ် မတင်ပါဘူး — သင့်စက်ထဲမှာပဲ သိမ်းပါတယ်။
စုဗူး Wallet က ပြီးဆုံးသွားတဲ့ Project မဟုတ်ပါဘူး။ နေ့တိုင်း ကိုယ်တိုင်သုံးနေသလို Feedback တွေကို နားထောင်ပြီး ပိုကောင်းအောင် ဆက်လုပ်နေပါတယ်။
အသုံးပြုသူတိုင်းအတွက် တကယ်အသုံးဝင်ပြီး မြန်မာနဲ့ အကိုက်ညီဆုံး Personal Finance App ဖြစ်အောင် ဆက်ကြိုးစားသွားပါမယ်။ ❤️
အသုံးပြုလမ်းညွှန် — ဒီနေရာကို နှိပ်ပြီး ကြည့်ရန်
mixed အရေးကြီး · Transfer / Income / Expense မှားမသွားအောင် ဖတ်ပါ
🇲🇲 စုဗူး Wallet ဘယ်လိုသုံးမလဲ
သူငယ်ချင်းကို ရှင်းပြသလို ရေးထားပါတယ် — v3.0.1 · Mercury
၅ မိနစ်နဲ့ စသုံးနည်း
- Zip ထုတ် → SuBuWallet.exe ဖွင့်
- Warning ပေါ်ရင် More info → Run anyway
- ပထမအကြိမ် ရှင်းပြချက် ၃ ခြေ လိုက်လုပ်
- ပိုက်ဆံစာရင်း တစ်ခု ထည့်ကြည့်
- အပေါ်က Total Balance ကြည့် — ရပါပြီ
ငွေဝင် ဘယ်လိုမှတ်မလဲ?
ဥပမာ — လစာ 500,000 Ks KPay ထဲရောက်တယ် ဆိုပါစို့။
- Type = Income
- Category = Salary (သို့မဟုတ် ကိုယ့်ဟာကိုယ်ထည့်)
- Amount = 500000
- Currency = Ks
- Wallet = KPay
- + Add နှိပ်
ငွေထွက် ဘယ်လိုမှတ်မလဲ?
ဥပမာ — နေ့လယ်စာ Cash နဲ့ 8,000 Ks သုံးတယ်။
- Type = Expense
- Category = Food
- Amount = 8000
- Wallet = Cash
- + Add
အရေးကြီးဆုံး — Transfer ဆိုတာ ဘာလဲ?
ဒီအပိုင်းက လူအများစု မှားတတ်တယ်။ Transfer ဆိုတာ ငွေရတာ မဟုတ်၊ ငွေကုန်တာလည်း မဟုတ်။ ပိုက်ဆံအိတ် တစ်ခုကနေ တစ်ခုကို နေရာရွှေ့တာ ပဲ။
နမူနာ — KPay မှာ 30,000 ရှိတယ်။ အပြင်သုံးဖို့ Cash ထုတ်လိုက်တယ်။
- အစ — KPay 30,000 · Cash 0 · Total 30,000
- လုပ်ရပ် — Type = Transfer · From KPay · To Cash · Amount 30000 → Move
- အပြီး — KPay 0 · Cash 30,000 · Total 30,000
မြင်လား? Total က တူတူပဲ။ ပိုက်ဆံ ပျောက်သွားတာ မဟုတ်ဘူး — နေရာပဲ ပြောင်းသွားတာ။
(ဒါဆို Total မှားလျော့မယ်)
✅ ဒါမှန်တယ် — Transfer · KPay → Cash · 30000
နိုင်ငံခြားငွေ ရှိရင်?
ဥပမာ — ထိုင်းဘတ် 1,000 THB Cash နဲ့ ရတယ်။
- Income · Amount 1000 · Currency THB · Wallet Cash
- Settings → Exchange rate မှာ 1 THB = ဘယ်လောက် Ks လဲ ထည့်ထား
App က Total Balance ကို Ks နဲ့ ပြန်တွက်ပြပေးမယ်။ SGD / USD လည်း တူတူပဲ။
မှားထည့်မိ / မှားဖျက်မိရင်?
- ပြင်ချင်ရင် စာရင်းကို နှစ်ချက်နှိပ်
- ဖျက်ချင်ရင် ရွေးပြီး Delete · မှားဖျက်မိရင် Undo သို့မဟုတ် Ctrl+Z
ရှာမတွေ့ရင်?
ဥပမာ Note မှာ “ကော်ဖီ” လို့ ရေးထားတယ် ဆိုပါစို့။
Search မှာ ကော်ဖီ ရိုက်လိုက်ရုံ — table က အလိုအလျောက် စစ်ပြမယ်။ အမြန်ရောက်ချင်ရင် Ctrl+F။
ဒီနေ့စာရင်းပဲ ကြည့်ချင်ရင် Today only နှိပ်။
Budget ဘယ်လိုသတ်မှတ်မလဲ?
ဥပမာ — ဒီလ Food အတွက် 150,000 Ks ပဲ သုံးမယ်။
- Budget ခလုတ်နှိပ်
- Food = 150000 ထည့်
၈၀% နီးရင် / ကုန်သွားရင် app က သတိပေးမယ်။ Home မှာ progress bar လည်း မြင်ရမယ်။
Settings မှာ ဘာတွေရှိလဲ?
ညာဘက်အပေါ် ⚙ Settings နှိပ်လိုက်ပါ —
- အမှောင် / အလင်း ပြောင်း
- Compact — insight ဖျောက်ပြီး စာမျက်နှာ တိုအောင်
- EN / မြန်မာ (တစ်စိတ်တစ်ပိုင်း)
- Exchange rate (THB / SGD / USD)
- PIN တပ် / ဖြုတ်
- About / Updates — အသစ်ရှိလား စစ်
စာရင်းထုတ် / Backup
- Excel လိုချင်ရင် Export Excel (Ctrl+E)
- PDF လိုချင်ရင် PDF report
- လစဉ်/နှစ်စဉ် ကြည့်ချင်ရင် Stats / charts
- Backup = ကိုယ့်ဖိုင် သိမ်း · Restore = ပြန်တင်
သတိ — Restore လုပ်ရင် လက်ရှိစာရင်း အစားထိုးသွားမယ်။
%APPDATA%\SuBuWallet\backups\ · နောက်ဆုံး ၇ ရက် သိမ်းပါတယ်။
Shortcut မှတ်ထားရင် လွယ်
- Ctrl+N — အမြန်ထည့်
- Ctrl+F — ရှာ
- Ctrl+E — Excel
- Ctrl+Z — ဖျက်ထားတာ ပြန်ယူ
- Delete — ရွေးထားတာ ဖျက်